
ရောင်းမယ်။ စီမံမယ်။ စစ်ဆေးမယ်။ တိုးတက်မယ်။
Cannopy POS အက်ပ်တစ်ခုတည်းနဲ့ ဆိုင်အလုပ်အားလုံးကို လွယ်လွယ်ကူကူ စီမံနိုင်ပါတယ်။
ငွေရှင်းတာ၊ ပစ္စည်းနဲ့ လက်ကျန်စီမံတာ၊ အရောင်းစာရင်းကြည့်တာတွေကို ဘယ်နေရာရောက်ရောက် စနစ်တကျ လုပ်နိုင်ပါတယ်။
စသုံးရလွယ်တယ်။ နေ့တိုင်းသုံးရလွယ်တယ်။ တိုးတက်လာတဲ့ လုပ်ငန်းတွေအတွက် အဆင်ပြေတယ်။
ဆိုင်တစ်ဆိုင် လည်ပတ်ရတာ အလုပ်များပြီးသားပါ။ POS ကြောင့် အလုပ်မပိုသင့်ပါဘူး။
Cannopy POS က နေ့စဉ်လိုအပ်တဲ့ ကိရိယာတွေကို တစ်နေရာတည်းမှာ စုစည်းပေးထားလို့ ဆိုင်အလုပ်တွေ ပိုရိုးရှင်းသွားပါတယ်။
စနစ်တစ်ခုနဲ့တစ်ခု ကူးပြောင်းသုံးတာ၊ အလုပ်တူ ထပ်ခါထပ်ခါလုပ်တာ၊ စာရင်းတွေ လက်နဲ့မှတ်တာတွေ လျှော့ပြီး ဖောက်သည်ဝန်ဆောင်မှုနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အချိန်ပိုရပါတယ်။
ငွေရှင်းတာ မြန်ပြီး ချောမွေ့လို့ ဖောက်သည်တွေ အကြာကြီး စောင့်စရာမလိုပါဘူး။
ပစ္စည်းထည့်တာ၊ အမျိုးအစားခွဲတာ၊ စျေးနှုန်းသတ်မှတ်တာနဲ့ ရွေးချယ်စရာ၊ မျိုးကွဲတွေ စီမံတာကို လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။
ဘာပစ္စည်း ဘယ်လောက်ကျန်လဲ အချိန်မရွေး စစ်ကြည့်နိုင်ပါတယ်။
နေ့စဉ်အရောင်းအဝယ်ကို ကြည့်ပြီး အရောင်းအခြေအနေ ဘယ်လိုရှိလဲ သိနိုင်ပါတယ်။
ကောင်တာမှာဖြစ်ဖြစ် အပြင်ရောက်နေတာဖြစ်ဖြစ် ဖုန်းကနေ ဆိုင်အခြေအနေကို သိနိုင်ပါတယ်။
ဆိုင်လူကျချိန်ဆို စက္ကန့်တိုင်း အရေးကြီးပါတယ်။
Cannopy POS ရဲ့ ရိုးရှင်းပြီး သုံးရလွယ်တဲ့ ငွေရှင်းစနစ်က ဝန်ထမ်းတွေကို ငွေမြန်မြန်ရှင်းနိုင်အောင် ကူညီပေးပါတယ်။
ဝန်ထမ်းတွေအတွက် မရှုပ်တော့ဘူး။
ဖောက်သည်တွေ အကြာကြီး မစောင့်ရဘူး။
လူတိုင်းအတွက် ပိုအဆင်ပြေတယ်။
ပစ္စည်းတွေ များလာလို့ စာရင်းထိန်းရတာ အချိန်ကုန်မနေသင့်ပါဘူး။
ပစ္စည်း၊ စျေးနှုန်း၊ အမျိုးအစား၊ ရွေးချယ်စရာနဲ့ မျိုးကွဲတွေကို တစ်နေရာတည်းမှာ ထည့်ပြီး စီစဉ်နိုင်ပါတယ်။
ပစ္စည်းတစ်မျိုးပဲ ရောင်းရောင်း၊ အရွယ်အစား၊ အရောင်၊ အရသာ စသဖြင့် မျိုးကွဲစုံ ရောင်းရောင်း Cannopy POS နဲ့ စာရင်းသွင်းရ၊ စီမံရ လွယ်ပါတယ်။
ပစ္စည်းစာရင်း စနစ်ကျမယ်။ စသုံးရ မြန်မယ်။ ထပ်ခါထပ်ခါ လုပ်စရာ နည်းမယ်။
မှန်းဆနေစရာ မလိုတော့ပါဘူး။
အရောင်းနဲ့ လက်ကျန်စာရင်းကို ချိတ်ဆက်ထားလို့ ဘာပစ္စည်း ဘယ်လောက်ကျန်လဲ ရှင်းရှင်းလင်းလင်း မြင်ရပြီး ဝယ်ယူတာ၊ ပစ္စည်းပြန်ဖြည့်တာတွေ ပိုမှန်ကန်စွာ ဆုံးဖြတ်နိုင်ပါတယ်။
ဘယ်ပစ္စည်း အရောင်းသွက်လဲ သိမယ်။
ဘယ်ပစ္စည်း ပြန်ဖြည့်ရမလဲ သိမယ်။
ဖောက်သည်လိုချင်တာ အသင့်ရှိနေမယ်။
အရောင်းတစ်ခါတိုင်းက ဆိုင်အခြေအနေကို ပြောပြနေပါတယ်။
အရောင်းဒေတာကို ကြည့်ပြီး လုပ်ငန်းအခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်သလို ဘာဆက်လုပ်မလဲလည်း ပိုကောင်းကောင်း ဆုံးဖြတ်နိုင်ပါတယ်။
ဘာပစ္စည်း အရောင်းသွက်လဲ၊ အရောင်းအဝယ် ဘယ်လိုရှိလဲ၊ လုပ်ငန်းတိုးတက်မှု ဘယ်လိုရှိလဲ စောင့်ကြည့်နိုင်ပါတယ်။
အခြေအနေကို ရှင်းရှင်းမြင်မယ်။ ဆုံးဖြတ်ချက် ပိုမှန်မယ်။ လုပ်ငန်း ပိုတိုးတက်မယ်။
အခုမှ စလုပ်တာဖြစ်ဖြစ် နေ့တိုင်း ဖောက်သည်တွေကို ဝန်ဆောင်မှုပေးနေတာဖြစ်ဖြစ် Cannopy POS က ကိုယ့်လုပ်ငန်းပုံစံနဲ့ အဆင်ပြေပါတယ်။
ပစ္စည်း၊ မျိုးကွဲ၊ လက်ကျန်နဲ့ နေ့စဉ်အရောင်းကို စနစ်တစ်ခုတည်းကနေ စီမံနိုင်ပါတယ်။
ငွေရှင်းမြန်လို့ လူကျချိန်မှာတောင် ဝန်ထမ်းတွေ အလုပ်လုပ်ရ ပိုလွယ်ပါတယ်။
အော်ဒါနဲ့ အရောင်းစာရင်းကို လွယ်လွယ်ကူကူ စီမံပြီး နေ့စဉ်အလုပ်တွေ စနစ်တကျ ထားနိုင်ပါတယ်။
အရွယ်အစား၊ အရောင်၊ ဒီဇိုင်းနဲ့ မျိုးကွဲစုံ ပစ္စည်းတွေကို အလွယ်တကူ စီမံနိုင်ပါတယ်။
ပစ္စည်းအမျိုးအစား များများရှိလည်း အရောင်းနဲ့ လက်ကျန်စာရင်းကို အလွယ်တကူ စောင့်ကြည့်နိုင်ပါတယ်။
ဒီနေ့လိုအပ်တာတွေနဲ့ စပြီး လုပ်ငန်းကြီးလာတာနဲ့အမျှ ပိုစနစ်ကျအောင် တည်ဆောက်နိုင်ပါတယ်။
စွမ်းဆောင်ရည်ကောင်းတဲ့ စနစ်တစ်ခုက ရှုပ်ထွေးနေဖို့ မလိုပါဘူး။
Cannopy POS က ရိုးရှင်းပြီး နားလည်ရလွယ်လို့ ဝန်ထမ်းတွေ ဆော့ဖ်ဝဲသင်ယူနေရတဲ့အချိန် လျှော့ပြီး ဖောက်သည်တွေကို ပိုဂရုစိုက်နိုင်ပါတယ်။
သင်ယူရလွယ်တယ်။
လိုတာရှာရလွယ်တယ်။
နေ့တိုင်းသုံးရလွယ်တယ်။
ဆိုင်အလုပ်ဆိုတာ ကွန်ပျူတာရှေ့မှာပဲ လုပ်ရတာ မဟုတ်ပါဘူး။
ဖုန်းထဲက Cannopy POS နဲ့ ဘယ်နေရာရောက်ရောက် လိုအပ်တဲ့ ဆိုင်အလုပ်တွေ လုပ်နိုင်ပါတယ်။
ဆိုင်အခြေအနေ ကြည့်မယ်။
ပစ္စည်းတွေ စီမံမယ်။
လုပ်ငန်းအခြေအနေကို အမြဲသိနေမယ်။
ဘယ်သွားသွား ဆိုင်အခြေအနေကို သိနိုင်ပါတယ်။
မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေ မပါဘဲ ဆိုင်အတွက် တကယ်လိုတဲ့ ကိရိယာတွေပဲ ပါပါတယ်။
အမှတ်တံဆိပ်တွေ၊ ပစ္စည်းအမျိုးအစားတွေနဲ့ ပစ္စည်းတွေကို အသင့်ထည့်ပေးထားလို့ ကိုယ့်ဒေတာတွေ အရင်မရိုက်ဘဲ အမြန်စရောင်းနိုင်ပါတယ်။
အရောင်း၊ ပစ္စည်း၊ လက်ကျန်နဲ့ လုပ်ငန်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။
အခုသုံးနေတဲ့ ဖုန်းကနေပဲ အရေးကြီးတဲ့ POS အလုပ်တွေ လုပ်နိုင်ပါတယ်။
ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေ လျှော့ပြီး နေ့စဉ်ဆိုင်အလုပ်တွေကို ပိုလွယ်ကူစေပါတယ်။
လုပ်ငန်းကြီးလာတာနဲ့အမျှ လိုက်ပြီး တိုးချဲ့သုံးနိုင်ပါတယ်။
ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲနဲ့ အချိန်ကုန်မယ့်အစား ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အချိန်ပေးတာ ပိုကောင်းပါတယ်။
Cannopy POS က နေ့တိုင်း ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေကို လျှော့ပေးလို့ ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ နောက်ထပ်အခွင့်အလမ်းတွေအတွက် အချိန်ပိုရပါတယ်။
နောက်ကွယ်က အလုပ်တွေ ပိုလွယ်လာတော့ ဖောက်သည်ဝန်ဆောင်မှုကို ပိုကောင်းကောင်း ပေးနိုင်ပါတယ်။